သံတမန်ရေးအရ ဟီလာရီ ကလင်တန် ခံလိုက်ရခြင်း
ထိုင်းနိုင်ငံ၊ ဖူးခက်မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ (၄၂) မြောက် ARF စည်းဝေးပွဲ ပြီးဆုံးသွားပါပြီ။ ဒီပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်-ဟာ အဓိက ဇာတ်ဆောင်အဖြစ် ထင်ရှားသွားပါတယ်။ သိတဲ့အတိုင်း န.အ.ဖ ကတော့ တကယ့် လူမိုက်ကြီးပေါ့။ ဘယ်တုန်းကမှ အချိုး ပြောင်းလဲခြင်း လုံးဝမရှိတဲ့ အယုတ်တမာကြီးပေါ့။ ဒီတချီမှာတော့ လူယုတ်မာကြီးက ရိုကျိုးသယောင်ပြလိုက်တယ်။ အဲဒါကတော့ “ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို မြန်မာနိုင်ငံက လိုက်နာမယ်” လို့ ကတိ ပေးသွားပါသတဲ့။
ကျနော် တွေးမြင်မိပါတယ်။ ဟီလာရီ ကလင်တန် ခံလိုက်ရပြန်ပြီ-လို့။ ဘာ့ကြောင့် ဒီလို တွေးမြင်ရသလဲဆိုရင် န.အ.ဖ အကြောင်းကို ကျနော် ကောင်းကောင်းသိထားလို့ပါပဲ။ ပြောရမယ်-ဆိုရင် ၁၉၆၂-ခု၊ မတ်လ (၂) ရက်နေ့ ဖက်ဆစ်ဝါဒီ ဗိုလ်ချုပ်ကြီး နေ၀င်း ပြည်သူ့အာဏာကို မတရား လုယူခဲ့တဲ့အချိန်ကစပြီး ယနေ့ချိန်ထိ န.အ.ဖ အမည်ခံ ဖက်ဆစ်လက်သစ်အဆက်ဆက်ဟာ သူ့တို့လမ်းကို မသွေမဖယ် လျှောက်လှမ်းနေလို့ပါပဲ။ အထူးသဖြင့် အတိုက်အခံမှန်သမျှကို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီး ညှင်းပမ်း ထောင်ချ သတ်ဖြတ် နေမှုပါပဲ။ မြန်မာပြည်အရပ်ရပ်မှာ သူတို့သတ်ဖြတ်ခဲ့တဲ့ ပညာရှင်တွေ၊ သားကကောင်းရတနာတွေ ဒုနဲ့ဒေးပါ။ အရှင်းပြောရရင် သူတို့ဘာတွေ လုပ်ခဲ့တယ်၊ လုပ်နေတယ်၊ လုပ်ဦးမယ်ဆိုတာ သူတို့သာ အသိဆုံးပါ။ အဲဒီလုပ်ရပ်တွေအတွက် သူတို့ကိုယ်သူတို့ ကိုယ်တိုင်တရားစီရင်ကြည့်ရင်တောင် ခွင့်လွှတ်လို့ မရနိုင်တဲ့ အနေအထားကို သူတို့ သိရှိနေကြပါတယ်။ ဒီတော့ မထူးဇာတ်ခင်းခဲ့၊ ခင်းဆဲ၊ ခင်းဦးမှာပါပဲ။

0 comments:
Post a Comment